top of page

မုံရွာ

Updated: Dec 12, 2022



မုံရွာ

--------


မုံရွာ ဆိုတာ တကယ်တော့

အညာမြေက အသာယာဆုံးမြို့လေးပါ

အညာမြေဆိုပြီး အထင်မသေးလိုက်နဲ့

မုံရွာရဲ့ လမ်းဘေးဝဲယာမှာ

တမာပင်တွေစီတန်း

ခရီးသွားရင်း ရွေရင်အေးရတာပေါ့

တခါတရံ ရွာလေး ဆိုပြိီး

မန္တလေး တို့ ရန်ကုန်တို့လို အစ်ကိုကြီးတွေက

ကျီစယ်ကြသေးသမို့

နာရီစင်ကြီးကပြန်ပြောလိုက်တယ်

သီတင်းကျွတ်ရင် လာကြည့်လို့

မာနသံနဲ့ပေါ့။ ။


မုံရွာသူ မုံရွာသား

အသားကညိုတိုတို

စျေးရောင်းစျေးဝယ် ဦးတဟိုနဲ့

ကိုယ့်ဘဝကိုယ်ကျေနပ်နေပုံက

ရုပ်ရှင်မင်းသားကြီးတွေရှုံးရလောက်ပါပေ့

စိုက်တာက ကုလားပဲ

ပိုလျှံတာက နှမ်း မြေပဲ

ချင်းတွင်းမြစ်ထဲ တခါတရံ

ငါးလည်းဖမ်းသေးသမို့

ဘက်စုံတော်တဲ့ မြို့မုံရွာ

ပညာရေးကြည့်ဦးမလား

The Whole Burma Top တွေ တဖွားဖွား

လက်မှုဆိုလည်းသူမတူ

ကျောက်ကာကယွန်းထည်

ပုဂံတောင် ရင်သပ်ရတယ်လေ။ ။​


နိုင်ငံရေးဆိုလည်းထိပ်ဆုံးက

အောင်ဆန်းကြေးရုပ်ကိုကြည့်ထား ဒါမုံရွာပဲ

၉၀(၁၉၉၀)တုန်းက

လမ်းတစ်လျောက်လုံးဖယောင်းတိုင်ထွန်း

မီးလင်းခဲ့တဲ့မြို့

''မုံရွာကကွယ်လိမ္မာတယ်''လို့ လူထုခေါင်းဆောင်ချီးမွမ်းခဲ့တဲ့မြို့

နွေဦးမှာလည်းကြည့်ထား

မုံရွာလည်း လက်မနှေး

အာဏာရှင်ပြေးဖို့အရေး ဒေါင်းသွေးနီချီတက်

အားလုံးဟာ ''ဝေမိုးနိုင်''ပါပဲ။

အသံမတိတ် အလံမလိပ်လို့

ဖိနှိပ်ခံ ဘုရားနီလမ်းမှာ

ကြွေကြခဲ့တဲ့ အလွှာပေါင်းစုံကပန်းမျိုးစိတ်တွေ.....

ရင်ထဲမှာ ကမ္ဘာ မကြေဘူး

နွေဦးရဲ့လေရူးကို အာဇာနည်လမ်းမှာအန်တုကြမယ်

တပ်ဦးအလံနေ့တိုင်းထူ

အောင်ဘူတာဆိုက်ရမယ်ပ

မုံရွာအကြောင်း

မုံရွာကသူတွေဘဲကောင်းကောင်းသိတယ်

ချီတက်ကြ ရှေ့ဆောင်ပြကြ

မီးတုတ်ကိုရှို့ကြ ရဲရင့်မှုကို ပြသ ...။ ။


ပြောမဆုံးပေါင် တောသုံးတောင်မို့

မုံရွာသတ္တိ နိုင်ငံလည်းသိတယ်

ကမ္ဘာ လည်းသိတယ်

ငါတို့လည်းသိတယ် သူတို့လည်းသိတယ်

မုံရွာအကြောင်း မုံရွာသိတယ်။ ။


Myat Minn Treasure-မြတ်နွေဦး

မုံရွာပင်မသပိတ်စစ်ကြောင်းရဲဘော်များနှင့်ကျဆုံးသွားသောမုံရွာသူရဲကောင်းများအားအလေးပြုဂုဏ်ပြုလျက်။


Commentaires


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page