top of page

Democracy ဓာတ်ခွဲခန်း



ဒီမိုကရေစီဓာတ်ခွဲခန်းတွေရှိတဲ့ ဖက်ဒရယ်စနစ်


အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး Louis Brandeis ကဖက်ဒရယ်စနစ်မှာရှိတဲ့ ပြည်နယ်တွေကို “ဒီမိုကရေစီ ဓာတ်ခွဲခန်း”တွေလို့ ခေါ်ဆိုသမုတ်ပါတယ်။


အကြောင်းကတော့ ဖက်ဒရယ်စနစ်ရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ ပြည်နယ်တွေမှာရှိတဲ့ “ကိုယ်ပိုင်ပြဌာန်းခွင့်” ကြောင့်ပဲဖြစ်ပါတယ်။မှန််ပါတယ်။အဲ့ဒီ့ အားသာချက် ကိုအသုံးချပြီး ဖက်ဒရယ်စနစ်မှာ ဒေသန္တရအဆင့် မူဝါဒစမ်းသပ်ကျင့်သုံးမှုတွေ ပြုလုပ်ပြီး တိုင်းပြည်ရှိ အခြားပြည်နယ်တွေအတွက်ပါ စံပြပုံစံတစ်ခုအနေနဲ့ ကျင့်သုံးစေတာပဲဖြစ်ပါတယ်။


မြင်သာတဲ့ဥပမာတစ်ခု အနေနဲ့ဆိုရင်တော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ Kerala ဆိုတဲ့ပြည်နယ်မှာ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အကြွင်းမဲ့စာတတ်မြောက်ရေး လှုပ်ရှားမှုပဲဖြစ်ပါတယ်။

အဲ့ဒီ့မူဝါဒကြောင့်ပဲ တစ်နိုင်ငံလုံးမှာ စာတတ်မြောက်မှု အမြင့်ဆုံးနှုန်းအထိ မြင့်တက်ခဲ့ပြီး အကောင်းဆုံးရလဒ်တွေနဲ့ အောင်မြင်မှုရရှိခဲ့တာပဲဖြစ်ပါတယ်။


ဒါ့အပြင် စမ်းသပ်ချမှတ်လိုက်တဲ့ မူဝါဒရလဒ်အပေါ်မူတည်ပြီး အခြားပြည်နယ်တွေကလည်း ချိန်ညှိအကဲဖြတ်ပြီးကျင့်သုံးနိုင်သလို တစ်ချိန်တည်းမှာပဲ ပြည်နယ်တစ်ခုထဲမှာ စမ်းသပ်ကျင့်သုံးစေခြင်းဖြင့် နောက်ဆက်တွဲ ဖြစ်တန်ခြေရှိတဲ့ ဆိုးကျိုးတစ်စုံတစ်ရာကို အခြားပြည်နယ်တွေကို မထိခိုက်စေဖို့ အကာအကွယ်ပေးထားသလိုဖြစ်စေမှာပဲ ဖြစ်ပါတယ်။


ကဲ…ဒါဆိုရင် ကျွန်တော်တို့ မြန်မာ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုရဲ့ လူနည်းစုတိုင်းရင်းသားဒေသတွေကို ဘာသာစကားမူဝါဒတွေ၊ ကိုယ်ပိုင်စရိုက် လက္ခဏာမြှင့်တင်တဲ့မူဝါဒတွေ လွတ်လပ်စွာချမှတ်နိုင်တဲ့ “ဒီမိုကရေစီ ဓာတ်ခွဲခန်း” တွေ အဖြစ် အမြန်ဆုံးဖန်တီးကြဖို့ မလိုအပ်ဘူးလားဗျာ?



 
 
 

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page