top of page

False Hope အန္တရာယ်၊ ကြိုကာကွယ်






False Hope ကို မသွားခင် မျှော်လင့်ချက်ဆိုတဲ့အရာကို အရင်ဆုံးစဉ်းစားကြည့်ရအောင်။


အကြမ်းဖျင်းအားဖြင့် ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခု လက်တွေ့မှာ တကယ်ဖြစ်သွားစေချင်တာကို မျှော်လင့်ချက်လို့ခေါ်တယ်။ အဲ့မျှော်လင့်ချက်နောက်ကို ကျွန်တော်တို့ လိုက်ကြတယ်။ တကယ်တမ်းရသွားတဲ့ခါ ပျော်သွားမယ်ထင်တယ်။ မဟုတ်ဘူး။


နောက်ထပ်ဆက်လိုက်ကြရတယ်။ ရသွားရင် ပျော်တယ်။ မရတဲ့ခါ ဝမ်းနည်းတယ်။ နေ့စဉ်ဘဝမှာကြုံနေရ

တဲ့ Depression နဲ့ Hope ကြားထဲက အတက်အကျကို လူတိုင်းခံစားဖူးတာမို့ မွန်းကြပ်စရာဘယ်လောက်

ကောင်းလဲ အားလုံးသိကြမယ်ထင်ပါတယ်။


ဒါဆို မျှော်လင့်ချက်ဆိုတဲ့ ဘေးထွက်ဆိုးကျိုးကိုမှ နောက်တဆင့်ပေါင်းထားတဲ့ False Hope ဆိုရင်ရော။


"ပြည်သူ့အောင်ပွဲ တစ်ရက်သာလိုပါတော့တယ်။ ၇၇ % နိုင်ပြီ"


သင်က ဒီလိုလေးဆို အဆင်ပြေသွားမှာပဲဆိုတဲ့ မျှော်လင့်ချက်ကိုသိတဲ့ လော်ဘီတွေက သင်ကြားချင်

တဲ့ စကားတစ်ခွန်း၊ သတင်းတစ်ခုကို False Hope အဖြစ် ပြောင်းလဲလိုက်တယ်။


သင်ကိုယ်တိုင်ကလည်း ဖြစ်နိုင်ချေနည်းတာကို သိသိနဲ့သေချာပေါက်ဖြစ်ရမယ်ဆိုတဲ့ မှားယွင်းတဲ့ယုံကြည်မှု၊

လွဲမှားတဲ့ မျှော်လင့်ချက်တစ်ခု စိတ်ထဲမှာ အရိုးစွဲသွားတယ်။ ဒါဆိုကျွန်တော်တို့ သတိကြီးကြီးထားရမယ့်

အန္တရာယ်တစ်ခုလို့ ပြောလို့ရတယ်။


အခုလို အရေးကြီးတဲ့ကာလမှာ အကျိုးဆက်က သင့်ရဲ့စိတ်ကျန်းမာရေးအတွက်ရော၊ တော်လှန်ရေး

အတွက်ရော တိုက်ရိုက်သက်ရောက်နေတယ်။


ဒီလို False Hope ကို လက်ခံလိုက်တဲ့အခါ လူတွေက လက်တွေ့ကို ပေါ့လာတယ်။ Normalize ဖြစ်လာ

တယ်။ ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်လို့ရပြီဆိုတဲ့အသိတွေ ဝင်လာမယ်။ ဒါက တော်လှန်ရေးရဲ့ အရှိန်ဟုန်တိုးမြှင့်လာဖို့ လမ်းခရီးမှာ ကြီးမားတဲ့ အဟန့်အတားတစ်ခုပဲ။


ဒါတွေက တစ်နေရာတည်းမှာတင် ရပ်မသွားဘူး။


သင့်ဆီ တိုက်ရိုက်ပြန်လာမယ်။ လက်တွေ့ကို ပေါ့ရင် တော်လှန်ရေးက ပိုကြာရှည်လာမယ်။


ဒါဆို ခုနက သင်မျှော်လင့်ခဲ့တဲ့ ကိုယ်ချင်တာလုပ်ရတော့မယ်။ အိပ်မယ်။ စားမယ်။ ဒီအရာတွေက

တကယ်ရှိသေးလား။ မရှိတော့မှန်းသိလိုက်တဲ့ အချိန်၊ ရုတ်တရက် ဒီမျှောင့်လင့်ချက်က သင်ထင်ထားသလို

ဖြစ်မလာတဲ့အခါ စိတ်ဓာတ်က ဟိုးအဆုံးထိ ထိုးကျသွားတတ်တယ်။


မျှော်လင့်ချက်နဲ့ အကြောက်တရားက အလွှာတစ်ခုပဲခြားတယ်။ ယခင်ကခံစားခဲ့ရတဲ့ ပျော်ရွှင်မှု၊ အားကျမှု၊ ကျေနပ်တဲ့ စိတ်တွေကို ခပ်ပြင်းပြင်း ရိုက်ချလိုက်တဲ့ခါ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုက အဆမတန်အောင် ပြင်းထန်တယ်။


ဒါကြောင့်မို့ တော်လှန်ရေးအတွက်ရော၊ သင့်အနာဂတ်တွက်၊ သင့်မှာ ညီလေး၊ညီမလေးတွေရှိရင် သူတို့ရဲ့

အနာဂတ်အတွက် သတင်းမှားတွေ၊ မျှောင့်လင့်ချက်အတုအယောင်တွေကို ရှောင်ကြဉ်ပါ။ သူငယ်ချင်းတွေကို အသိပေးမျှဝေပါ။


သတင်းမှန်လား။ သတင်းမှားလားစစ်ဆေးနိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြပါ Link လေးမှတဆင့်

အသေးစိတ် ဝင်ရောက်လေ့လာပါ။


https://www.facebook.com/102470788713285/posts/129338419359855/


အားလုံးအတူတူဆိုရင်တော့ ဒီတော်လှန်ရေးက အောင်မြင်မယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်။







 
 
 

Commentaires


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page