top of page

ဖက်ဒရယ်နိုင်ငံတွေမှာရှိတဲ့ ဖက်ဒရယ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ခွင့် (Epi - 2)



ဖက်ဒရယ်နိုင်ငံတွေမှာရှိတဲ့ ဖက်ဒရယ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ခွင့်


အပိုင်း(၂)


အရေးပေါ်ကြားဝင်ဆောင်ရွက်ခွင့်ထားရှိခြင်း အကြောင်းရင်း(၂)ချက်



ဖက်ဒရယ်နိုင်ငံတွေမှာရှိတဲ့ ဖက်ဒရယ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ခွင့် ဆိုတဲ့ ဆောင်းပါး အပိုင်း(၁)မှာတော့ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ မှာ တရားဝင်ပြဌာန်းထားတဲ့ (ပုဒ်မ-၃၅၅/၃၅၆) တို့ကိုဖော်ပြသွားတာဖြစ်ပါတယ်။


ဆောင်းပိုင်းအပိုင်း(၁)ကိုဖတ်ရှုပြီးနောက်မှာ ဖက်ဒရယ်နိုင်ငံတစ်ခုဖြစ်တဲ့ “အိန္ဒိယနိုင်ငံ” ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်ဟာ ဖက်ဒရယ်အနှစ်သာရ ပြည်နယ်တွေရဲ့ “ကိုယ်ပိုင်ပြဌာန်းခွင့်” ကို ခြိမ်းခြောက်နေသလား။ဘာကြောင့်ဒီလိုပြဌာန်းချက်ထားရတာလဲ စတဲ့အတွေးတွေ စာဖတ်သူတွေခေါင်းထဲကိုရောက်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။


ကဲ…ဒီတော့ ဖက်ဒရယ်အစိုးရက အရေးပေါ်ကြားဝင်ဆောင်ရွက်ခွင့် ပြဌာန်းချက်ထားရှိတဲ့ အကြောင်းရင်း(၂) ရပ်ကိုဖော်ပြပေးလိုက်ပါတယ်။


(၁) ဖက်ဒရယ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ယူနစ်/ပြည်နယ်မှာ ဒီမိုကရေစီစံချိန်စံနှုန်းတွေ ကောင်းစွာ ထိန်းသိမ်းမထားတဲ့ အခြေအနေအတွက် ဖြစ်ပါတယ်။ ဒီလိုကောင်းစွာ ကိုင်တွယ် ထိန်းသိမ်းမှု မရှိတာရဲ့ အကျိုးဆက်အနေနဲ့ အဆိုပါပြည်နယ်/ယူနစ်မှစကာ ဖက်ဒရယ်နိုင်ငံတစ်ခုလုံးပေါ်ကို ဆိုးကျိုးများသက်ရောက်စေမှာပဲဖြစ်ပါတယ်။


ဥပမာပြောရရင် ပြည်နယ်တစ်ခုကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ကိုင်တွယ်နေပါက ဒီမိုကရေစီစံနှုန်းတွေကို အလေးထားကျင့်သုံးသော ဖက်ဒရယ်နိုင်ငံရှိ ပြည်နယ်တစ်ခုအနေနဲ့ အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်မှု မရှိတော့တဲ့ အခြေအနေပဲဖြစ်ပါတယ်။ဒါကြောင့် အဆိုပါဖြစ်တန်ခြေတွေကို ကာကွယ်ထိန်းသိမ်းရန် အရေးပေါ် ကြားဝင်ဆောင်ရွက်ခွက်ပြဌာန်းချက်များ ထားရှိတာပဲဖြစ်ပါတယ်။


(၂) ဖက်ဒရယ်စနစ်တွင် ဖက်ဒရယ်အစိုးရဖြစ်သော်ငြား ယူနစ်/ပြည်နယ်အတွင်းနေထိုင်ကြသော ပြည်သူများအတွက် အခြေခံအနှစ်သာရ အခွင့်အရေးတွေနဲ့ အခြားသော သင့်တင့်လျောက်ပတ်တဲ့ လုပ်ငန်းစဉ်တွေ၊အစီအမံတွေလည်း ဆောင်ရွက်ပေးနိုင်မှု အခွင့်အရေးများစွာရှိပါတယ်။ဒါ့ကြောင့် ဖက်ဒရယ်အစိုးရရဲ့ အရေးပေါ်ကြားဝင်ဆောင်ရွက်နိုင်ခွင့် ပြဌာန်းချက်နဲ့ အဆိုပါလုပ်ပ်ိုင်ခွင့်၊အခွင့်အရေးတွေကို အာမခံပေးကာ ထိန်းသိမ်းစောင့်ရှောက်စေတာပဲဖြစ်ပါတယ်။


ဒီလောက်ဆိုရင်တော့ ဖက်ဒရယ်နိုင်ငံတစ်ခုဖြစ်တဲ့ “အိန္ဒိယနိုင်ငံ” ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်အစိုးရရဲ့ အရေးပေါ်ကြားဝင်ဆောင်ရွက်ခွင့် ပြဌာန်းချက် ဘာကြောင့်ထားလဲ၊ဘယ်အခြေနေတွေမှာ လုပ်ပိုင်ခွင့်ရှိလဲဆိုတာ နားလည်သဘောပေါက်လောက်ပြီထင်ပါတယ်။


နောက်ဆောင်းပါး အပိုင်းဆက်မှာတော့ အဲ့ဒီပြဌာန်းချက်ကို အသုံးချပြီး ဖက်ဒရယ်အစိုးရရဲ့ အာဏာအလွဲသုံးစား ပြုလုပ်နိုင်ခြေ ဘယ်လောက်ထိရှိလဲ။ အဆိုပါဖြစ်တန်ခြေတွေအတွက် ဖက်ဒရယ်နိုင်ငံတွေမှာ အခြား ဘာအစီအမံတွေနဲ့ ကာကွယ်ထားသလဲ စတဲ့အကြောင်းအရာတွေကိုဖော်ပြသွားမှာမို့ စောင့်မျှော်ဖတ်ရှုကြဖို့ အကြံပြုလိုက်ပါတယ်။



46 views0 comments

Recent Posts

See All

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page