top of page

ဖက်ဒရယ်နိုင်ငံတွေမှာရှိတဲ့ ဖက်ဒရယ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ခွင့် (Epi - 3)



ဖက်ဒရယ်နိုင်ငံတွေမှာရှိတဲ့ ဖက်ဒရယ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ခွင့်


အပိုင်း(၃)


အရေးပေါ်ကြားဝင်ဆောင်ရွက်ခွင့်ကို အလွဲသုံးစားမလုပ်အောင် ဘယ်လိုအစီအမံတွေထားရှိသင့်လဲ။



ဖက်ဒရယ်နိုင်ငံတွေမှာရှိတဲ့ ဖက်ဒရယ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ခွင့် ဆိုတဲ့ ဆောင်းပါး အပိုင်း(၂) မှာ “အိန္ဒိယနိုင်ငံ”ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်တဲ့ ဖက်ဒရယ်အစိုးရရဲ့ အရေးပေါ်ကြားဝင်ဆောင်ရွက်ခွင့် ပြဌာန်းထားရှိခြင်း အကြောင်းအရင်း (၂) ခုကိုဖော်ပြပြီးခဲ့ပါပြီ။


ဆောင်းပါးအပိုင်း(၂) မှာဖော်ပြခဲ့သလို ဖက်ဒရယ်အစိုးရကို ကြားဝင်ဆောင်ရွက်ခွင့်ပေးထားခြင်းက ပြည်နယ်တွေရဲ့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ သွေဖယ်နေတဲ့ အခြေအနေတွေကို ထိန်းသိမ်းဖို့တော့ သင့်လျော်ပါတယ်။ဒါပေမယ့် တစ်ဖက်မှာလည်း ကြားဝင်ဆောင်ရွက်ခွင့်ကို အလွဲသုံးစားလုပ်ကာ ယူနစ်(သို့မဟုတ်) ပြည်နယ်တွေရဲ့ နိုင်ငံရေးနဲ့စီမံခန့်ခွဲမှုတွေကို လွှမ်းမိုးထိခိုက်စေပြီး

ဖက်ဒရယ်စနစ်အတွင်း အာဏာခွဲဝေမှု ပျက်ပြားသွားနိုင်ခြေတွေရှိနေတာပဲဖြစ်ပါတယ်။


ကဲ…ဒီတော့ … အရေးပေါ်ကြားဝင်ဆောင်ရွက်ခွင့်ကို အလွဲသုံးစားမလုပ်အောင် ဘယ်လိုအစီအမံတွေ ထားရှိသင့်လဲ။


ဖက်ဒရယ်နိုင်ငံအချို့မှာ လက်ရှိကျင့်သုံးနေကြတဲ့ ကြားဝင်ဆောင်ရွက်ခွင့် အလွဲသုံးစားမလုပ်အောင် တားထားတဲ့ အစီအမံတွေ ရှိပါတယ်။ဒါကတော့ ကြားဝင်ဆောင်ရွက်ခွင့်ဆိုတဲ့ လုပ်ပိုင်ခွင့်အာဏာကို တိုင်းပြည်ရဲ့ မတူညီတဲ့ အင်စတီကျူးရှင်းတွေကို ခွဲဝေပေးအပ်ထားရမှာပဲဖြစ်ပါတယ်။


မြင်သာအောင်ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံမှာ “သမ္မတက တိုက်ရိုက်အုပ်ချုပ်ခြင်း” ဆိုတဲ့ အရေးပေါ်ကြားဝင်ဆောင်ရွက်ခွင့်ရဖို့ လွှတ်တော်က နှစ်လအတွင်းအတည်ပြုပေးဖို့လိုအပ်ပါတယ်။ဒါ့အပြင် ခြောက်လတစ်ကြိမ် အခွင့်အာဏာကိုင်စွဲဖို့ ဆက်တိုက်အတည်ပြုပေးရပါတယ်။


ဒီလိုပဲ ဘရာဇီးနိုင်ငံမှာဆိုရင်လည်းအခြေခံဥပဒေရဲ့ (ပုဒ်မ၈၄) အရ ဖက်ဒရယ်အစိုးရက ပြည်နယ်တစ်ခါမှာ “အမိန်ဒီဂရီထုတ်ပြန်ပြီး လိုက်နာစေရန် အရေးယူဆောင်ရွက်နိုင်ပါသည်” လို့ ပြဌာန်းထားတာပဲဖြစ်ပါတယ်။ဒါပေမယ့် အခြေခံဥပဒေရဲ့ ( ပုဒ်မ ၄၉ ) မှာတော့ “ဖက်ဒရယ်အဆင့်ရဲ့ ကြားဝင်ဆောင်ရွက်ခြင်း” ကို အတည်ပြုရန်၊ဆိုင်းငံ့ရန် လွှတ်တော်မှာ လုပ်ပိုင်ခွင့် အာဏာရှိတယ်ဆိုပြီး အတိအလင်းပြဌာန်းထားတာပဲဖြစ်ပါတယ်။


ဒါတွေတင်မကသေးပါဘူး။ဘရာဇီးနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ( ပုဒ်မ - ၆၀ ) အရ ဖက်ဒရယ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်နေစဉ်ကာလအတွင်း လွှတ်တော်ခေါ်ယူတာတွေ၊ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တာတွေကို သဘောအတိုင်း လုပ်ခွင့်မရှိပါ။အထက်လွှတ်တော်ဥက္ကဌမှ တားမြစ်ခွင့်အပြည့်အဝရှိပါတယ်။ဒီလိုပဲ ( ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၀ )အရ ဖက်ဒရယ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ခွင့်နဲ့ပတ်သတ်ပြီးတော့လည်း အာဏာအလွဲသုံးစားမှုတွေမရှိအောင် အကြံပေးအဖွဲ့(သမ္မတနိုင်ငံကောင်စီ) က ထင်မြင်ချက်တွေပေးခွင့်ရှိပါသေးတယ်။


ဒီဆောင်းပါးအပိုင်းဆက်လေးမှာတော့ ဖက်ဒရယ်နိုင်ငံတွေမှာရှိတဲ့ ဖက်ဒရယ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ခွင့်နဲ့ စပ်လျဉ်းပြီး အာဏာအလွဲသုံးစားလုပ်နိုင်ခြေတွေကို ဖက်ဒရယ်နိုင်ငံတွေမှာ ဘယ်လိုအစီအမံတွေနဲ့ကာကွယ်ထားလဲဆိုတာကို ဖော်ပြသွားတာပဲဖြစ်ပါတယ်။စောင့်မျှော်ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။


10 views0 comments

Recent Posts

See All

Commenti


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page