top of page

ဖက်ဒရယ်မိတ်ဆက် (Epi - 1)



ဖက်ဒရယ်မိတ်ဆက်


အပိုင်း(၁)


ဖက်ဒရယ်စနစ်၏စံတန်ဖိုးများနဲ့အခြေခံသဘောတရားများ




ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မည်ဟုဆိုရာတွင် စနစ်တို့၏ သဘောသဘာဝအတိုင်း အာနည်းချက်နှင့် အားသာချက်များရှိသည့်အလျောက် ၎င်းတို့၏စံတန်ဖိုးများနှင့်အခြေခံသဘောတရားများကို ကောင်းမွန်စွာ အသုံးချ ကျင့်သုံးနိုင်ရေးမှာ အင်မတန်မှအရေးကြီးလှပါတယ်။ အကြောင်းမှာ ဖက်ဒရယ်စနစ်ရဲ့ စံတန်ဖိုးများနဲ့ အခြေခံသဘောတရားများကို ကောင်းစွာလိုက်နာကျင့်သုံးမှုသည် တိုင်းပြည်တစ်ခု၏ အစိုးရယန္တရားကောင်းစွာ လည်ပတ်နိုင်ခြင်းအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိနေသောကြောင့် ဖြစ်ပါတယ်။

ဒါ့ကြောင့် ဖက်ဒရယ်နဲ့ ပတ်သတ်တဲ့နိုင်ငံရေးအသိအမြင်များချဲ့ထွင်ပြီး အနာဂါတ်မြန်မာ့ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ့်

ရည်မှန်းချက်ကြီးအထမြောက်ဖို့ ဖက်ဒရယ်စနစ်ရဲ့ ယေဘုယျအခြေခံစံနှုန်းများနှင့်သဘောတရားများကို လေ့လာလိုက်ရကြရအောင်။



(၁) တန်းတူညီမျှမှုရှိခြင်း


ဖက်ဒရယ်စနစ်တွင် ပြည်သူလူထုအားလုံးကို ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှမှုကိုဖော်ဆောင်ပါတယ်။စုံလင်ကွဲပြားမှုများကို အသိအမှတ်ပြုကာ လူများစုအခွင့်အရေးနည်းတူ လူနည်းစုတို့၏ အခွင့်အရေးကိုလည်း အပြည့်အဝအကွာအကွယ်ပေးပါတယ်။


(၂) လေးစားအသိအမှတ်ပြုခြင်း


ဖက်ဒရယ်စနစ်တွင် စုံလင်ကွဲပြားသောအုပ်စုများ ၊ ယင်းအုပ်စုတို့၏ သက်ဆိုင်ရာ ယဉ်ကျေးမှုများ၊ ၊ကိုယ်ပိုင်စရိုက်လက္ခဏာများ ၊ ဘာသာစကားများ ၊သမိုင်းကြောင်းနောက်ခံများကို လေးစားအသိအမှတ်ပြုပါတယ်။



(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိခြင်း


ဖက်ဒရယ်စနစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိစေရန် အခွင့်အရေးပေးကာ သက်ဆိုင်ရာပြည်နယ် (သို့မဟုတ်) ယူနစ်များတွင် မိမိတို့နှင့်သက်ဆိုင်ရာ ယဉ်ကျေးမှု ၊ ဘာသာစကား နှင့် ဘာသာရေးအစရှိသည့် တန်ဖိုးထားရာများက်ို ထိန်းသိမ်းခြင်း ၊မြှင့်တင်ခြင်းတို့ကို လုပ်ဆောင်စေပါတယ်။



(၄) ဒေသန္တရအဆင့်အား အောက်ခြေပြည်သူလူထုတို့၏ ကိစ္စအဝဝတို့အား ကိုင်တွယ်ဆောင်ရွက်စေခြင်း


ဖက်ဒရယ်စနစ်တွင် အောက်ခြေပြည်သူလူထုနှင့် အနီးဆုံးအစိုးရအဆင့်သို့ အာဏာပေးလုပ်ဆောင်စေကာ ဆုံးဖြတ်ချက်များအား ပြည်သူလူထုနှင့် အနီးဆုံး၊အထိရောက်ဆုံး အစိုးရအဆင့်မှ ချမှတ်စေပါတယ်။ အစိုးရအဆင့်တစ်ခုမှ အခြားတစ်ခုအပေါ် လွှမ်းမိုးချုပ်ကိုင်ခြင်းမရှိစေရန် ဒေသန္တရအဆင့် နှင့် ယူနစ်အဆင့်တို့တွင်(ဒေသန္တရအခြေခံအဆောက်အုံများ၊ ခရီးသွားလုပ်ငန်း၊နယ်မြေလုံခြုံရေး၊ဒေသတွင်း ပညာရေးဆိုင်ရာအစီအမံများ၊ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု ၊ ကျန်းမာရေးစောင့်ရှောက်မှု) အစရှိသည့် လုပ်ငန်းတာဝန် မူဝါဒများကို လွတ်လပ်စွာ အကောင်အထည်ဖော်ခွင့် ပေးအပ်ထားပါတယ်။


(၅)အစိုးရအဆင့်များအကြားလုပ်ပိုင်ခွင့်အာဏာများအားအပြန်အလှန်လေးစားကာပူးပေါင်းဆောင်ရွက်စေခြင်း


ဖက်ဒရယ်စနစ်တွင် ဗဟိုအဆင့်အစိုးရသည် ဒေသန္တရအစိုးအရအပေါ်လွှမ်းမိုးချုပ်ကိုင်ခြင်းမရှိစေရန် ၊ ဒေသန္တရအစိုးအရသည်လည်း အာမခံချက်ပေးထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိကြသော်လည်း ၎င်းတို့အနေဖြင့် ဗဟိုအစိုးရ၏ ဥပဒေများကို ချိုးဖောက်ခြင်းမပြုရန် အရေးကြီးပါတယ်။ဒါကြောင့် ဖက်ဒရယ်စနစ်သည် ပြည်ထောင်စုအစိုးရအဆင့်နှင့် ဒေသန္တအစိုးရအဆင့်တို့အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများအား လေးစားလိုက်နာစေပြီး ဗဟိုအဆင့်နှင့်ဒေသန္တရအဆင့်တို့အား ပူးပေါင်းဆောင်ရွက်စေကာ တိုင်းပြည်၏ တည်ငြိမ်မှုနှင့် သင့်လျော်စွာလည်ပတ်နိုင်မှုတို့ကို ဖော်ဆောင်ပါတယ်။



(၆)အစိုးရအဆင့်များအကြား ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ ယန္တရားများထားရှိခြင်း


ဖက်ဒရယ်စနစ်တွင် အစိုးရအဆင့်များအကြား သဘောထားကွဲလွဲမှုတစ်စုံတစ်ရာရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံများ၊ ကော်မရှင်များ၊ လွှတ်တော်နှစ်ရပ်ပူးတွဲအစည်းအဝေးများ ၊အစိုးရအဆင့်နှစ်ရပ်စလုံးမှ ကိုယ်စားလှယ်များပါဝင်သည့် ဖက်ဒရယ်တရားရုံးများ စသည့် စီရင်ဆုံးဖြတ်နည်းများအား အပြီးသတ်အဆုံးဖြတ် ယန္တရားများအနေဖြင့်ထားလေ့ရှိကြပါတယ်။


အထက်ဖော်ပြခဲ့သည်များမှာ ဖက်ဒရယ်စနစ်၏ ယေဘုယျ စံတန်ဖိုးနှင့်သဘောတရားများဖြစ်ပြီး အချိန်အခါနဲ့နေရာဒေသအပေါ်လိုက်၍ ပြောင်းလဲတိုးတက်လျက်ရှိပါတယ်။ဒါကြောင့် မြန်မာပြည်သူများအနေဖြင့် အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင်လည်း အဆိုပါ ဖက်ဒရယ်စနစ်၏ စံတန်ဖိုးနှင့်သဘောတရားများအား အကိုက်ညီဆုံးသင့်လျော်စွာ ချိန်ညှိမျှော်မှန်းဖော်ဆောင်နိုင်ရန် တင်ပြလိုက်ရပါတယ်။




42 views0 comments

Recent Posts

See All

Comentarios


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page