top of page

ဖက်ဒရယ်မိတ်ဆက် (Epi - 4)



ဖက်ဒရယ်မိတ်ဆက်


အပိုင်း(၄)


ဖက်ဒရယ်စနစ်ဆိုင်ရာအခြေခံယူဆချက်များနှင့် မြန်မာ့ဖက်ဒရယ်အရေး



ပြီးခဲ့တဲ့ အပတ်တွေတုန်းက ဖက်ဒရယ်မိတ်ဆက် ဆောင်းပါးများအဖြစ် ဖက်ဒရယ်နဲ့ပတ်သတ်တဲ့ အခြေခံစံနှုန်း၊သဘောတရားတွေအပြင် အစရှိတဲ့ ဖက်ဒရယ်နဲ့ပါတ်သတ်တဲ့ သိသင့်သိထိုက်တာတွေကို မိတ်ဆက်ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။ဒီအပတ်မှာတော့ အရင်အပတ်ကဖော်ပြခဲ့တာတွေကိုအခြေခံပြီး အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုမှာ မဖြစ်မနေထားရှိရမယ့် အခြေခံမူတွေကို တင်ပြသွားမှာပဲဖြစ်ပါတယ်။


မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ အမျိုး၊ဘာသာ၊သာသနာကိုအခြေခံပြီး လူမျိုးတစ်မျိုး၊ဘာသာစကားတစ်ခုနှင့်ကိုးကွယ်ယုံကြည်မှုတစ်မျိုးတည်းကို ဦးစားပေးမြှင့်တင်ခဲ့ကာ အမျိုးသားနိုင်ငံတော်အဖြစ်တည်ဆောက်ခဲ့ပါတယ်။ရလဒ်အနေနဲ့ နှစ်ပေါင်း(၇၀)ကျော် ဖြစ်ပွါးလျက်ရှိတဲ့ ပြည်တွင်းစစ်အပါအဝင် လတ်တလော ကြုံတွေ့ရင်ဆိုင်နေရသော နိုင်ငံရေးအကျပ်အတည်းတွေပဲဖြစ်ပါတယ်။


ဒီအချိန်မှာတော့ ကျွန်တော်တို့အားလုံးအနေနဲ့

တိုင်းပြည်ကို ပင်လုံသဘောတူညီချက်ထဲကအတိုင်း တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ ဖြစ်တည်မှု၊လိုလားချက်၊အခွင့်အရေးတို့ကိုလွှမ်းခြုံနိုင်သော ပြည်ထောင်စုစနစ်နဲ့တည်ထောင်ကြဖို့ အချိန်ကျလာပြီပဲဖြစ်ပါတယ်။


ဒါပေမယ့် ဖက်ဒရယ်စနစ်ကို ပုံဖော်တည်ဆောက်ရာမှာ ပုံသေနည်းလမ်း သတ်သတ်မှတ်မှတ်မရှိပါ။ဖက်ဒရယ်နိုင်ငံအများစုတွင် ကျင့်သုံးကြသော စံသွင်ပြင် လက္ခဏာအချို့ရှိသော်လည်း နိုင်ငံတစ်နိုင်ငံချင်းစီနှင့် ၎င်းနိုင်ငံအတွင်းရှိ သက်ဆ်ုင်ရာ အခြေအနေအချိန်အခါပေါ်မူတည်ပြီး ထိုသွင်ပြင်လက္ခဏာများကို နည်းလမ်းအမျိုးမျိုးဖြင့် ပုံစံတည်ဆောက်ထားကြတာပဲဖြစ်ပါတယ်။ဒီလိုတည်ဆောက်မသတိထားစရာတစ်ခုအနေနဲ့ အနာဂါတ်မြန်မာနိုင်ငံတည်ဆောက်ရာမှာ အနှစ်သာရမပြည့်ဝသော ဖက်ဒရယ်မဖြစ်စေရန်၊ ဖက်ဒရယ်ပြည်ထောင်စုဟု ခေါ်တွင်ကြပြီး တစ်ပြည်ထောင်စနစ်ဘက်ယိမ်းကာ လူမျိုးစုများအား ဖိနှိပ်တဲ့တိုင်းပြည်မဖြစ်စေရန် မဖြစ်မနေထားရှိရမယ့် အခြေခံမူတွေကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါတယ်။


(၁) အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တိုကို အပြည့်အဝ အာမခံချက်ပေးရပါမယ်။


(၂)အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာသည် ဖက်ဒရယ်ပြည်ထောင်စု၏ အဖွဲ့အစည်းနှင့်ထိုပြည်နယ်ရှိ ပြည်သူလူထုထံမှ ဆင်းသက်ရပါမယ်။


(၃) အနာဂါတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် သီးခြားလွတ်လပ်သည့် အဖွဲ့ဝင်ပြည်ထောင်စုများမှ မိမိတို့ဆန္ဒအလျောက် လာရောက်ပူးပေါင်းပြီး အတူယှဉ်တွဲနေထိုင်သည့် (coming together) ပုံစံဖြစ်ရပါမယ်။


(၄) အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ဒီမိုကရေစီစနစ်၏ စံနှုန်းများပါ အပြိုင်ရှင်သန် ကျင့်သုံးစေရပါမယ်။


(၅)အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် လူမျိုးပေါင်းစုံရေရှည်တည်တံ့သော ချစ်ကြည်ညီညွတ်ရေးကို ဦးတည်၍ လူဦးရေများသော လူမျိုးတို့က လူဦးရေနည်းသော လူမျိုးတို့အပေါ် လွှမ်းမိုးချုပ်ချယ်မှု မရှိစေရေးအတွက် လူမျိုးစုတို့၏ ခံစားခွင့်ကို အကာကွယ်ပေးသည့်အခြေခံမူများလည်း ရှိရပါမယ်။


အထက်ဖော်ပြခဲ့သည့်အချက်များမှာ အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရမှာ မဖြစ်မနေထားရှိရမယ့် အခြေခံမူတွေပဲဖြစ်ပါတယ်။မိမိတို့မြန်မာနိုင်ငံသည် စုံလင်ကွဲပြားမှုများ ၊နယ်မြေကျယ်ဝန်းမှု၊စံတန်ဖိုးအခြေပြုပဋိပက္ခနှင့်အကျိုးစီးပွားပဋိပက္ခ များတည်ရှိနေသည့်နိုင်ငံဖြစ်သည့်အလျောက်ပြည်သူလူထုဝန်ဆောင်မှုများဆောင်ရွက်ခြင်း၊ လူထုလွှမ်းခြုံဆုံးဖြတ် ချက်များချမှတ်ခြင်းနှင့်ပဋိပက္ခဖြေရှင်းထိန်းချုပ်ခြင်းတို့အတွက်ဖက်ဒရယ်စနစ်ကိုမဖြစ်မနေကျင့်သုံးရန်အထူးလိုအပ်ပါတယ်။ဒီလို အနာဂါတ်တွင် ဖက်ဒရယ်စနစ်ကျင့်သုံးရာမှာလည်း အဖွဲ့ဝင်ပြည်နယ်များကလွတ်လပ်စွာပြည်နယ်တွင်းစီမံခန့်ခွဲအုပ်ချုပ်ပြီးသက်ဆိုင်ရာစံတန်ဖိုးနှင့်အကျိုးစီးပွားများကို ကိုယ်တိုင်ကာကွယ်ပိုင်ခွင့်၊ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့ကို အာမခံချက်အပြည့်အဝပေးထားသော ငြိမ်းချမ်းဖွံ့ဖြိုးတဲ့

ဖက်ဒရယ်အနှစ်သာရများ ပြည့်နှက်နေတဲ့ တိုင်းပြည်တစ်ခုပေါ်ထွန်းလာဖို့ ဆန္ဒပြုမျှော်မှန်းရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတော့တယ်။



18 views0 comments

Recent Posts

See All

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page