top of page

မိုဘိုင်းဒေတာကို စနစ်တကျအသုံးပြုပြီး တော်လှန်ရေးမှာ ပါဝင်ကြမယ်။



ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း စစ်ကောင်စီဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်မှ စတင်ပြီး Mobile Data တွေကို ယခင်စျေးထက် ၂ဆခန့် တိုးမြှင့်လိုက်ပါတယ်။


အကြောင်းရင်းကတော့ သတင်းစီးဆင်းမှုကို ရပ်တန့်စေဖို့ ဖြစ်နိုင်သလို၊ သူတို့ကို ဆန့်ကျင်ရာမှာ အသုံးပြုတဲ့ နည်းလမ်း တစ်ခုဖြစ်တဲ့ Digital Strike မဖြစ်မြောက်စေဖို့ ရည်ရွယ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။


Wifi တပ်ဆင်ထားတဲ့သူတွေအတွက် ထူးခြားဖြစ်စဉ် မဟုတ်ပေမယ့် မြန်မာနိုင်ငံရဲ့ လူဦးရေအများစုက Mobile Data ကိုပဲ အဓိကထား အသုံးပြုကြတာပါ။ ဒါ့အပြင် အခြေခံ လူတန်းစားတွေရဲ့ လိုအပ်ချက်ကိုလည်း မေ့ထားလို့ မရပြန်ပါဘူး။


အကျိုးဆက် အနေနဲ့ Digital Strike မှာ ပါဝင်တဲ့ “လက်ဆောင်”၊ “သတင်း” စတဲ့ Application တွေမှာဝင်ပြီး Click တာတွေ၊ YouTube Video Stream တာတွေ၊ ဆုရတနာလို ဂိမ်းကစားတာတွေ ရာခိုင်နှုန်း အနည်းငယ်ခန့် လျော့ကျ လာနိုင်ပါတယ်။


ဒါ့ကြောင့် ဒီနေ့မှာတော့ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အဓိကထား အသုံးပြုနေတဲ့ Application (၃) ခုကို ဒေတာ အကုန်အကျ သက်သာစွာ အသုံးပြုနိုင်စေဖို့ နည်းလမ်းတွေကို ဖော်ပြလိုက်ရပါတယ်။


ယခုဖော်ပြထားတဲ့ Application တွေဟာ ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ ဆက်သွယ်ပြောဆိုဖို့၊ စာသင်ကြားဖို့နှင့် အရေးကြီးအစည်းအဝေးပြုလုပ်တာတွေ အထိ အသုံးပြုတာဖြစ်တဲ့အတွက် ဒေတာပမာဏ အနည်းငယ်ဖြင့် ပိုမိုအကျိုးရှိစွာ ရည်ရွယ်ပါတယ်။


ဒါဆိုရင် ဖော်ပြပါနည်းလမ်းတွေကို အသုံးပြုပြီး Digital Strike မှာ ဆက်လက်ပါဝင်နိုင်ဖို့ အခုပဲ အတူတူကြည့်ရှုလိုက်ရအောင်။



1️⃣ Facebook


မြန်မာနိုင်ငံမှာ လူဦးရေ ဘယ်လောက်ရာခိုင်နူန်း Facebook အသုံးပြုကြတယ် ထင်ပါသလဲ?


၂၀၂၁ အစပိုင်းမှာ ကောက်ယူထားတဲ့ စစ်တမ်းများအရ မြန်မာနိုင်ငံ လူဦးရေစုစုပေါင်းရဲ့ ၅၁.၇% အထိ Facebook ကို အသုံးပြုကြပါတယ်။


နိုင်ငံရဲ့ အဓိကသတင်းစီးဆင်းမှု ရေသောက်မြစ် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့လက်ရှိ VPN ခံသုံးနေရတာက သက်သေပါပဲ။


ဒီလိုအသုံးများတဲ့ Facebook မှာဒေတာ ကုန်ရတဲ့ အကြောင်းရင်းက “Video” တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာအကြောင်းရင်းမှ မရှိဘဲ News Feed အပေါ်အောက် ပွတ်နေခြင်းကလဲ ဘေကုန်မှန်းမသိ ကုန်စေပါတယ်။


ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက်


✅ Video တွေကြည့်တဲ့အခါ Auto Play ကိုပိတ်ထားလိုက်ပါ။ ကျွန်တော်တို့ အမှန်တကယ်ကြည့်လိုတဲ့ Video တွေကိုပဲ ဖွင့်လိုက်မယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ ဒေတာစား သက်သာပါတယ်။


✅ Video တွေကို မဖြစ်မနေကြည့်မယ်ဆိုရင်တော့ Resolution လျော့ကြည့်လို့ရပါတယ်။ အကယ်၍ 720p နဲ့ ကြည့်နေကြ Video တစ်ပုဒ်ဟာ 360p နဲ့ပဲ ကြည့်မယ်ဆိုရင် ဒေတာစား ၄ဆလောက် သက်သာနိုင်ပါတယ်။


✅ ကိုယ့်အတွက် အရေးကြီးတဲ့ Page တွေကိုပဲ See First လုပ်ထားလိုက်ပါ။ ဒါဆိုရင် ရှာဖတ်နေစရာ မလိုတော့ဘဲ အချိန်ရော ဒေတာပါ အကုန်အကျ သက်သာပါလိမ့်မယ်။


အကယ်၍ သင်က မိုဘိုင်းဒေတာဖြင့် Facebook အသုံးများတဲ့သူဆိုရင် အထက်ပါအချက်တွေကို လုပ်ဆောင်သင့်ပါတယ်။



2️⃣ Telegram


တော်လှန်ရေးစတင်ပြီးနောက်ပိုင်း ကျွန်တော်တို့ ပိုမိုသုံးစွဲ လာကြတဲ့ Application တစ်ခုကတော့ “Telegram” ပဲ ဖြစ်ပါတယ်။


အချက်အလက်တွေ ပိုပြီးလုံခြုံတယ်၊ စိတ်ချရတယ် စတဲ့ အကြောင်းရင်းတွေကြောင့် တော်တော်များများ သုံးလာကြပါတယ်။


ဒါ့အပြင် တော်လှန်ရေးစတင်တည်းက Telegram ကနေတစ်ဆင့် Twitter မှာ အလွယ်တကူ Tweet နိုင်အောင် စီစဉ်ထားတဲ့ အချက်ကြောင့်လဲ ပါဝင်ပါတယ်။


ဒါပေမယ့် Telegram ရဲ့ သဘောတရားအရ Auto Download တွေလုပ်ပြီး ဖုန်းရဲ့ Storage ပြည့်စေတဲ့အပြင် ဒေတာတွေ အမှန်တစ်ကယ် ကုန်စေတာပါ။


ဒါ့ကြောင့် သင်ဟာ Telegram အသုံးပြုသူတစ်ဦးဖြစ်လျှင်


✅ Setting ထဲဝင်ပြီး Background Download ကို ပိတ်ထားလိုက်ပါ။ အထူးသဖြင့် ဇာတ်လမ်းတွဲတွေ ဝေမျှတဲ့ Group တွေထဲ ဝင်ထားပါက ပိုမို သတိထားသင့်ပါတယ်။


✅ ဒါ့အပြင် Telegram မှာရှိတဲ့ ကိုယ်ဝင်မကြည့်ဖြစ်တဲ့ Group ပေါင်းမြောက်များစွာ မဝင်ထားဖို့လိုပါတယ်။ အလုပ်နှင့် စာသင်တာအပြင် ကိုယ်လေ့လာဖြစ်တဲ့ Channel တွေ၊ တော်လှန်ရေးနှင့် သက်ဆိုင်တဲ့ Group တွေလောက်ပဲ ဝင်ထားတဲ့အခါ Auto Download မပိတ်ထားရင်တောင် Data စား သက်သာနိုင်ပါတယ်။


✅ “Use Less Data for Calls” ကိုဖွင့်ပေးထားလို့လည်း ရပါတယ်။ ဒါဆိုရင် Telegram ကနေ စာပို့တာ၊ ဖုန်းခေါ်တာတွေကို စီစစ်ပြီး ဒေတာပမာဏ လျော့ချပေးပါ လိမ့်မယ်။ ဒါပေမယ့် Audio Quality ကတော့ အနည်းငယ် လျော့နည်းနိုင်ပါတယ်။


အထက်ပါ အချက်တွေကတော့ Telegram အသုံးပြုသူတွေ အတွက် မိုဘိုင်းဒေတာ ချွေတာနိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။



3️⃣ Zoom


Covid-19 ကပ်ရောဂါ စတင်ဖြစ်ပွါးတည်းက စာသင်ဖို့၊ Meeting ပြုလုပ်ဖို့ အသုံးပြုခဲ့ကြတာ Zoom Application ပဲဖြစ်ပါတယ်။


Wifi နှင့်အသုံးပြုတဲ့အခါ မသိသာဘူးဆိုပေမယ့် Data နှင့် ဆိုရင်တော့ ၁နာရီ အတွက်တောင် ဖုန်းဘေနှင့်ဒေတာ တော်တော် ကုန်ပါတယ်။


ဒါ့ကြောင့် ကျောင်းသားလူငယ်တွေ အနေနဲ့ Zoom Application ကို ဒေတာနဲ့ အသုံးပြုတော့မယ့် အခြေအနေမျိုးဆိုရင်-


✅ လူချင်းတွေ့စရာမလိုဘဲ အသံကြားရုံလောက်နဲ့ အဆင်ပြေတဲ့ စာသင်ခန်းနှင့် အစည်းအဝေးတွေမှာဆိုရင် Camera ပိတ်ထားတာဟာ ပိုပြီး ဒေတာအကုန်အကျ သက်သာစေပါတယ်။


✅ ဒါ့အပြင် ကိုယ့်ဘက်ကို သေချာပေါက် မြင်ကွင်းကြည်နေစရာ မလိုတဲ့ အချိန်မှာ Zoom ရဲ့ Setting ထဲသွားပြီး Video HD ကို ပိတ်ထားလို့ရနိုင်ပါတယ်။


✅ စာသင်ခန်းအများစုဟာ ဒေတာနဲ့ တစ်ခါတစ်ရံ အသုံးပြုတဲ့အချိန်တွေမှာ Camera ပိတ်ဖို့ ခွင့်ပြုတာတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ခွင့်တောင်းပြီး ဒေတာပမာဏကို လျော့ချကြည့်သင့်ပါတယ်။


ဒီအချက်တွေကတော့ Zoom ကိုအသုံးပြုတဲ့ နေရာမှာ မိုဘိုင်းဒေတာကို သက်သာစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။



20 views0 comments

Recent Posts

See All

Comentários


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page