top of page

မြန်မာနိုင်ငံဖယ်ဒရယ်ရဲ့ကနဦးအစနဲ့ ထူးခြားချက်များ။



မြန်မာနိုင်ငံဖယ်ဒရယ်ရဲ့ကနဦးအစနဲ့ ထူးခြားချက်များ။


မြန်မာ့ဖက်ဒရယ်ခြေလှမ်းအစ သမိုင်းစာမျက်နှာတွေကို ရှာဖွေကြည့်တဲ့အခါ လွတ်လပ်ရေးမတိုင်ခင် ကိုလိုနီလက်အောက်သီးခြားစွာတည်ရှိနေကြတဲ့ ပြည်နယ်တွေ ကြားအတူတကွ လွတ်လပ်ရေးဆောင်ယူနိုင်ရေး စဥ်းစားချက်ပေါ် သန္ဓေတည်ပြီး တစ်စတစ်နှင့်ရောင်နီသမ်းလာရခဲ့ရသည်။


၁၉၄၇၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ချူပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို ကြည့်ရင် ရည်ရွယ်ချက်ကောင်းများဖြင့်စတင်ခဲ့တဲ့ ဖယ်ဒရယ်စနစ်ကို စံနမူနာထားစရာတွေ့မြင်နိုင်ပါတယ်။ ပင်လုံစာချုပ်ရဲ့ အနှစ်သာရတွေဖြစ်တဲ့တောင်တန်းပြည်မ.(ပြည်နယ်များကြား) တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ နယ်နိမိတ်ဒေသများအတွင်း နိုင်ငံသားတိုင်း ရသင့်ရထိုက်တဲ့ အခြေခံရပိုင်ခွင့်နှင့် အခွင့်အရေးများကိုအာမခံချက်ပေးထားတဲ့ ပြည်ထောင်စုနိုင်ငံတစ်ခုသို့ မျက်နှာမူခြေလှမ်းခဲ့ကြပါသည်။ ဒါကို ဂုဏ်ယူစရာအဖြစ် မှတ်ယူရမယ်။


တစ်ချိန်တည်းမှာပဲ ဗိုလ်ချုပ်အောင်ဆန်းကြွေလွင့်ပြီးနဲ့နောက် ဖက်ဒရယ်စနစ်ရည်မှန်းချက်တွေပုံပျက်လို့ အသက်ငင်လာတယ်ဆိုတဲ့ သမိုင်းကိုလည်း လက်ခံရပါမယ်။ ဒါကို သင်ခန်းစာတစ်ခုအဖြစ် မှတ်ယူရမယ်။


အခုလက်ရှိအခြေအနေနဲ့စပ်လျဉ်းလို့ ဖယ်ဒရယ်စနစ်ရဲ့အနှစ်သာရ လူငယ်၊လူကြီး တွေကြားမှာ ကျယ်ပြန့်လာတာနှင့်အမျှ နိုင်ငံသားတိုင်း သိသင့်သိထိုက်တဲ့ ဖယ်ဒရယ်အခြေခံနည်းစနစ်တွေနဲ့ ထူးခြားချက်တွေကို ရှာမှီးလေ့လာထားသင့်ပါတယ်။


၁။ ဖက်ဒရယ်စနစ်မှာ အနည်းဆုံး ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရ (တိုင်းဒေသကြီး) ဆိုပြီး ၂ရပ်ရှိရပြီး သီးခြားလုပ်ပိုင်ခွင့်နှင့်အာဏာခွဲဝေမှုရှိခြင်း။


၂။ အာဏာခွဲဝေအုပ်ချုပ်စဉ် နိုင်ငံတစ်ဝန်းလုံးနှင့်လွှမ်းခြုံထားတဲ့ တပြေးညီထားရှိရမယ့် ကိစ္စရပ်များ ဥပမာ (ကာကွယ်ရေး၊ ငွေကြေး၊နှင့်သံတမန်‌ရေး) ကို ဗဟိုအစိုးရက စီမံခွင့်ရရှိမယ်။


၃။ ပြည်နယ်အစိုးရမှာတော့လွတ်လပ်သောကိုယ်ပိုင်ပြဌာန်းခွင့် စာပေ၊ဘာသာစကား၊ ယဉ်ကျေးမှုကစလို့ ပြည်နယ်အဆင့်အုပ်ချုပ်ရေး၊ဥပဒေပြုရေး၊တရားစီရင်ရေးနှင့်စီမံခန့်ခွဲရေး စတဲ့ ပြည်နယ်တွင်း ကိစ္စရပ်များနှင့်စပ်လျဉ်းလို့ မူဝါဒချမှတ်ပိုင်ခွင့်ရရှိမယ်။


မြန်မာနိုင်ငံလို မြေပေါ်မြေအောက် သယံဇာတတွေ ပေါကြွယ်ဝပြီး စုံလင်ကွဲပြားတဲ့ တိုင်းရင်းသားညီ

အစ်ကိုများရဲ့ ယဉ်ကျေးမှုများနဲ့ အခြေခံအုတ်မြစ်ချထားတဲ့တွက် အနာဂတ်မှာ ဖယ်ဒရယ်ဒီမိုကရေစီနိင်

ငံတော်ကြီး ဖြစ်တည်လာဖို့က ကျွန်တော်တို့ တစ်မျိုးသားလုံးရဲ့ အဓိကပန်းတိုင်တစ်ခု ဖြစ်ကိုဖြစ်သင့်ပါတယ်။


ဒီနွေဦးတော်လှန်ရေးခရီးစဉ်ကြီးမှာလည်း စစ်မှန်တဲ့ဖယ်ဒရယ်စနစ်နဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားဖို့

ကျောင်းသူ၊ကျောင်းသားများအတွက် အိမ်တစ်ခုလို၊ မိတ်ဆွေတစ်ယောက်လို အမြဲတမ်း ရပ်တည်ပေးသွားမှာဖြစ်ပါတယ်။


ဒါကြောင့် အတူတူအားတင်းထားကြရအောင်။ အရေးတော်ပုံအောင်ရမည်။

163 views0 comments

Recent Posts

See All

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page