top of page

Sunrise Clause



ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲက Sunrise clause ဆိုတဲ့ အစီအမံတစ်ရပ်ကို သင်သိပါသလား။



Sunrise Clause ဆိုတာကတော့ ဖွဲ့စည်းပုံပြဌာန်းချက်တစ်ခုရဲ့ သက်ရောက်တဲ့ နေ့ရက်ကို နောင်လာမယ့်အနာဂတ်တစ်ခုအထိ ရွှေ့ဆိုင်းထားခြင်းပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ မြင်သာအောင် အိန္ဒိယနိုင်ငံရဲ့ ဖြစ်ရပ်ကိုကြည့်နိုင်ပါတယ်။


အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ညီလာခံမှာ သဘောထားအကွဲလွဲဆုံးပြဿနာတစ်ခုကတော့ “ပြည်ထောင်စုအစိုးရရဲ့ ရုံးသုံးဘာသာစကား” သတ်မှတ်ချက် တစ်နည်းပြောရရင် ဘာသာစကားဆိုင်ရာမူဝါဒပဲဖြစ်ပါတယ်။ လွတ်လပ်ရေးရရှိချိန်မှာ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးနယ်မြေတွေရဲ့ ရုံးသုံးဘာသာစကားဟာ အိန္ဒယနိုင်ငံ လူဦးရေရဲ့ တစ်ရာခိုင်နှုန်းအောက်သာပြောတဲ့ အင်္ဂလိပ်ဘာသာစကားပဲဖြစ်ပါတယ်။ ဒါပေမယ့် ဟိန္ဒူဘာသာစကားကိုတော့ လူဦးရေရဲ့ ၄၀ရာခိုင်နှုန်းကပြောဆိုနေကြတာပဲဖြစ်ပါတယ်။ ဒီတော့ အင်္ဂလိပ်ဘာသာစကားအစား ဌာနေတိုင်းရင်းသားဘာသာစကားကို ပြည်ထောင်စုအစိုးရရဲ့ ရုံးသုံးဘာသားစကားအဖြစ် အစားထိုမည်၊ မထိုးမည်ကို ညီလာခံမှာ သဘောထားကွဲလွဲကြပါတော့တယ်။


ပါဝင်ပတ်သတ်တဲ့ ထောက်ခံသူတစ်စုက ဟိန္ဒူဘာသာစကားကသာ အစိုးရနှင့် ဥပဒေစနစ်၏ ရုံးသုံးဘာသာစကားဖြစ်သင့်တယ်လို့ အဆိုပြုတောင်းဆိုခဲ့ပြီး အခြားအတိုက်အခံတစ်ဖွဲ့ကတော့ အင်္ဂလိပ်ဘာသာစကားနဲ့ ဟိန္ဒူဘာသာစကားနှစ်မျိုးလုံးကို ပြည်ထောင်စုအစိုးရနှင့် ဥပဒေစနစ်ရဲ့ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်အတည်ပြုပေးဖို့ တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။


ဖြေရှင်းချက်အနေနဲ့ကတော အပေးအယူညှိနှိုင်းသဘောတူညီတဲ့သဘောတရားပါဝင်တဲ့ Sunrise clause တစ်ခု ပြဌာန်းခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၃ (က) တွင် ဟိန္ဒူဘာသာစကားကို နိုင်ငံတော်၏ ရုံးသုံးဘာသာစကားအဖြစ် ကြေညာထားပေမယ့် ပုဒ်မ ၃၄၃ (ခ) တွင် ပုဒ်မ ၃၄၃(က)ကို နောင် ၁၅ နှစ်မှသာ အကောင်အထည်ဖော်မည်ဟု ရွှေ့ဆိုင်းထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပြဌာန်းချက်မှာ အဆိုပါ(၁၅)နှစ်အတွင်းအတွင်း ကျင့်သုံးနေဆဲဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကို ဆက်လက်ကျင့်သုံးသွားမည်လို့ အဓိပ္ပာယ်သက်ရောက်ပြီး ပုဒ်မ ၃၄၃(ဂ) တွင်လည်း သာမန်ဥပဒေပြဌာန်းချက်နဲ့ ရွှေ့ဆိုင်းမှုအား အကန့်အသတ်မရှိ သက်တမ်းတိုးမြှင့်နိုင်ကြောင်းလည်း ဆက်လက် ပြဌာန်းထားပါသေးတယ်။ ဒီလို Sunrise Clause ပြဌာန်းချက်အစီအမံနဲ့ ပုဒ်မ၃၄၃နဲ့ဆိုင်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်ချက်နဲ့ပတ်သတ်ပြီး သဘောထားကွဲလွဲမှုများကို ဥပဒေပြုရေးလုပ်ငန်းစဉ်နဲ့ သာမန်နိုင်ငံရေးလမ်းကြောင်းပေါ်တင်ကာ ဆိုးကျိုးဖြစ်တန်ခြေများကို အတိုင်းအတာတစ်ခုထိ ကာကွယ်ခဲ့တာပဲဖြစ်ပါတယ်။


အထက်မှာဖော်ပြခဲ့တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ ထားရှိတတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်မှုများ၊ နည်းဥပဒေပြဌာန်းချက်များ နဲ့ အပြုသဘောဆောင်တဲ့ မတိကျသည့် စကားရပ်များ စတာတွေအတွက် သတ်မှတ်ထားတဲ့ အချိန်ကာလများ ပြဌာန်းချက် Sunrise clause ကို အိန္ဒိယနိုင်ငံရဲ့ ဖြစ်ရပ်နဲ့ ဥပမာပေးဖော်ပြခဲ့တာပဲဖြစ်ပါတယ်။


မြန်မာနိုင်ငံသည်လည်း လတ်တလောမှု အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကာလ ဖြစ်တာနဲ့အညီ နိုင်ငံရေးအုတ်မြစ်အသစ်ချမှတ်ဖို့ အနှစ်သာရပြည့်ဝတဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံတစ်ရပ်ရေးဆွဲပြဌာန်းဖို့ ကဏ္ဍပေါင်းစုံမှ ပြည်သူအားလုံးက ကျယ်လောင်စွာ တောင်းဆို ဟစ်ကြွေးနေကြပါတယ်။ ဒါကြောင့် မြန်မာ့အနာဂတ် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းရေးလုပ်ငန်းစဉ်မှာ အထောင်အပံ့ကောင်းဖြစ်စေရန် ဒီဆောင်းပါးလေးက်ုဖော်ပြလိုက်ရပါတယ်။


တစ်ဆက်တည်းမှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအကြောင်းအရာများ ၊ ဖက်ဒရယ်ရေးရာပညာရပ်များကို စိတ်ဝင်စားလို့သင်ကြားလိုသူတွေအတွက် နွေဦးတက္ကသိုလ်ရဲ့ School of Federalism and Peace Studies မှ မကြာခင်မှာဖွင့်လှစ်တော့မယ့် Constitutional Federalismအတန်းလေးကို တက်ရောက် လျှောက်ထားနိုင်သေးကြောင်း သတင်းကောင်းပါးပါရစေ။


သင်တန်းအကြောင်းအရာအသေးစိတ်ကို အောက်ပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။



48 views0 comments

Recent Posts

See All

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page