![](https://static.wixstatic.com/media/d0310f_e7b762d41dc947fdb0919dc0291a0366~mv2.png/v1/fill/w_768,h_768,al_c,q_90,enc_avif,quality_auto/d0310f_e7b762d41dc947fdb0919dc0291a0366~mv2.png)
February 1 မှစ၍ စစ်အာဏာရှင်လူတစ်စုရဲ့ အာဏာသိမ်းမှု စတင်တည်းက ပြည်သူတွေအသုံးပြုတဲ့ Internet Operators တွေကို စစ်ကောင်စီမှ ချုပ်ကိုင်ထားတာကို အားလုံးပဲ သိရှိပြီး ဖြစ်မှာပါ။
ထိုသို့ မတရားသဖြင့် အာဏာသိမ်းထားသူများဟာ အချိန်မရွေး ၎င်းတို့သတင်းစီးဆင်းမှု ရပ်တန့်လိုတဲ့ နေရာ၊ ဒေသတွေကို Internet ပိတ်ခြင်းများ အဆက်မပြတ် ပြုလုပ်ခဲ့ကြပါတယ်။
ယနေ့အချိန်ထိ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ရှိ နေရာပေါင်း (၂၂) နေရာတိတိ အင်တာနက် ပိတ်ဆို့ခြင်း ခံထားရပါတယ်။ အစောဆုံးကတော့ August 20 တွင် စတင်ပိတ်ဆို့ခံခဲ့ရသော ကချင်ပြည်နယ်၊ ဖားကန့်မြို့ပဲ ဖြစ်ပါတယ်။
ယခုဖော်ပြထားတဲ့ မြို့တွေကိုတောင် အင်တာနက်ပိတ်ဆို့ခြင်း ခံထားရပြီ ဖြစ်တဲ့အတွက် အခြားကျန်ရှိနေတဲ့ မြို့တွေကိုပါ ဘယ်နေ့၊ ဘယ်အချိန်မှာ၊ ဘယ်လိုပုံစံမျိုးနဲ့ သတင်းစီးဆင်းမှု ရပ်တန့်စေမလဲဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။
တစ်ရက်ထက်တစ်ရက် ပိုပြီး ပြင်းထန်လာတဲ့ အခြေအနေ ဖြစ်တဲ့အတွက် အသက်ကြီး/ငယ်မရွေး၊ နေရာဒေသမရွေး အင်တာနက် မဖြတ်ခင် တော်လှန်ရေးအတွက် မိမိတို့ တတ်နိုင်သလောက် ပါဝင်ထားဖို့ လိုအပ်ပါတယ်။
ကိုယ့်လက်ထဲမှာ ဖုန်းနှင့် အင်တာနက်ရှိရုံနဲ့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေး သူရဲကောင်းတွေကို ထောက်ပံ့နိုင်အောင် စီစဉ်ထားတဲ့ Application တွေ၊ Website တွေ၊ Link တွေကို စုစည်းပြီး ဖော်ပြလိုက်ရပါတယ်။
✅ Click to Donate Application ကို ဝင်ပြီး တစ်ရက်ကို မိမိအချိန်ပေးနိုင်သလောက် Click လို့ရပါတယ်။ Download မလုပ်ရသေးရင်တော့ ဒီLink ကနေတစ်ဆင့် Play Store မှာ Download လုပ်နိုင်ပါတယ်။
✅ အကြောင်းအမျိုးမျိုးကြောင့် Download လုပ်လို့ မရခဲ့ရင်တော့ www.click2donatemm.com ထဲ ဝင်ပြီး ပါဝင်နိုင်ပါတယ်။
✅ YouTube ကြည့်နေကြ လူငယ်တွေအနေနဲ့ ယုန်နဲ့လိပ် Video တွေလို Stream Campaign တွေ အချိန်နဲ့အမျှ ရှိပါတယ်။ အသေးစိတ် Stream နည်းကို ဒီ Linkမှာ ကြည့်ရှုလို့ ရပါတယ်။
✅ Telegram အသုံးပြုတဲ့သူတွေအတွက် ouo နှိပ်လို့ရတဲ့ Channel ပဲ ဖြစ်ပါတယ်။ Link- https://t.me/click2donate2
ဒီနည်းလမ်းတွေကတော့ အင်တာနက် မပိတ်မချင်း မိမိဘက်ကနေ လွယ်ကူစွာနဲ့ အချိန်အနည်းငယ်သာပေးပြီး Click ပေးရုံနဲ့ တော်လှန်ရေးမှာ ပါဝင်နိုင်မယ့် Linkတွေပဲ ဖြစ်ပါတယ်။
📌 အကယ်၍ သင်ဟာ ဒီထက်ပိုပြီး စိတ်အားထက်သန်တဲ့ သူဖြစ်ရင်တော့ ကိုယ်တိုင်ကိုယ်ကျ နီးစပ်ရာကို လှူဒါန်းနိုင်ပါတယ်။
📌 ဒါ့အပြင် တော်လှန်ရေးမှာ အဆုံးထိ ပါဝင်ပေးနေကြတဲ့ CDM Hero တွေကိုလဲ မေ့ထားလို့ မရပါဘူး။ ဒါ့ကြောင့် သူတို့ကို တိုက်ရိုက်လှူဒါန်းပေးလျက်ရှိတဲ့ နွေဦး တက္ကသိုလ်ရဲ့ အတန်းတွေကိုလည်း တက်ရောက် နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ လှူဒါန်းပေးလဲဆိုတာ အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။
တော်လှန်ရေးမှာ အသုံးပြုတဲ့ ကာကွယ်ရေးပစ္စည်းတွေဟာ ကျွန်တော်တို့ ထင်ထားတာထက် များစွာ ကုန်ကျပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ဝင်ငွေရှာတဲ့အခါ အပြည့်အဝ မဟုတ်သော်လည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ထောက်ပံ့နိုင်ပါတယ်။ ဒါ့ကြောင့် လူငယ်တွေဟာ နည်းလမ်း အမျိုးမျိုးဖန်တီးပြီး ပါဝင်ကြဖို့ တိုက်တွန်း နေရခြင်း ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ကျွန်တော်တို့ဟာ ဖြစ်လာနိုင်မယ့် အခြေအနေ အမျိုးမျိုးအတွက် Emergency Bag စသဖြင့် ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှသာ အရေးပေါ် အနေအထားမှာ အထိတ်တလန့် မဖြစ်ဘဲ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
တော်လှန်ရေးဟာ ကျွန်တော်တို့အားလုံး တစ်ယောက်ချင်းစီ မပါဝင်မချင်း ပြီးဆုံးသွားမယ့် အရာမဟုတ်ပါဘူး။ ကြွေလွှင့်ခဲ့ရတဲ့ ကြယ်တွေလဲ များသလို၊ ဘဝကို ပုံအပ်ပြီး တိုက်ပွဲဝင်နေတဲ့ လူငယ်တွေလဲ များစွာရှိပါတယ်။
အနာဂတ်ကို ရင်းနှီးထားရတဲ့ သူတို့တွေကို အစွမ်းကုန် ထောက်ပံ့ပေးမှ လိပ်ပြာလုံမယ့် အခြေအနေဖြစ်တဲ့အတွက် ကျွန်တော်တို့ကိုယ်တိုင်ကလဲ တက်စွမ်းသလောက် အတူတူ ပါဝင်ထောက်ပံ့ ပေးကြရအောင်။
Comentarios