top of page

What will happen if the country is too unitary/ limited autonomy



နိုင်ငံတစ်နိုင်ငံမှာ ဗဟိုချုပ်ကိုင်မှုအားကောင်းလာရင် ဘာတွေဖြစ်လာနိုင်လဲ။


အရင်ဆုံးကျွန်တော်တို့ ဗဟိုချုပ်ကိုင်မှုဆိုတာဘာလဲ။ နိုင်ငံရေး၊စီးပွားရေးကိစ္စအဝဝနဲ့စပ်လျဉ်းလို့ လူထုကို အခြေမခံဘဲ ကိစ္စရပ်အားလုံးကို ဗဟိုကချုပ်ကိုင်ထားခြင်း၊ တစ်ပြည်ထောင်စနစ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ တဖြည်းဖြည်းလူအများစုရဲ့အုပ်ချုပ်ရေးအောက်မှာပဲစုံလင်ကွဲပြားတဲ့တိုင်းရင်းသားလူနည်းစုတွေကနေထိုင်ရင်းလူအများစုရဲ့ အာဏာရှင်စနစ် အမြဲဖြစ်သွားနိုင်တာကို သတိပြုရမယ်။


နောက်ထပ်စဉ်းစားစရာတစ်ခုက စွပ်ပြုတ်တစ်ခုကို ကြည့်ရအောင်။ သူ့မှာ ပါဝင်တဲ့ ပစ္စည်းတွေကို ပေါင်းစပ်လိုက်တဲ့အခါ အရသာတစ်ခုထွက်ပေါ်လာမယ်။ ဒါပေမဲ့ ပါဝင်ပစ္စည်းတွေရဲ့ နဂိုပင်မအရသာ

ပျောက်သွားလို့ မရဘူး။ ဒီလိုပျောက်သွားခြင်း၊ မပျောက်သွားခြင်းက ရောစပ်မှုပေါ် မူတည်တယ်။ ထို့နည်းတူပဲ စုံလင်ကွဲပြားမှုတွေနဲ့ ဖွဲ့စည်းထားတာကို အများစုလက်ခံတယ်။ ဒါပေမဲ့ ပေါင်းစပ်ဖွဲ့စည်းလိုက်မှ လူမျိုးစုတစ်ခုချင်းစီရဲ့ ပင်မအနှစ်သာရတစ်ခု ပျောက်မသွားဖို့ အလေးပေးစဉ်းစားသင့်တယ်။


ဒီလိုမဖြစ်ဖို့ စုံလင်ကွဲပြားမှုတွေကို ဘယ်လိုသယဇာတရှိရှိ၊ အချိုးကျကျဖွဲ့စည်းမလဲဆိုတာ အဓိကအရေးပါတဲ့အချက်တစ်ခုဖြစ်လာတယ်။


ဒီအချက်ကြောင့်ပဲ ကျွန်တော်တို့ ဗဟိုအုပ်ချုပ်မှုအားကောင်းလာတဲ့အခါ တိုင်းရင်းသားညီအစ်ကိုတွေရဲ့ ပင်မဖြစ်တဲ့ယဉ်ကျေးမှုတွေ၊ လုပ်ပိုင်ခွင့်တွေ၊ ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေကို အဟန့်အတား တစ်ခုဖြစ်စေတယ်။


ဒါကြောင့် ဖယ်ဒရယ်စနစ်ရဲ့ အမျိုးသားအဆင့်အားလုံးနှင့်သက်ဆိုင်သော ဘုံရည်မှန်းချက်များအတွက် ဝေမျှအုပ်ချုပ်ခြင်းလို့ခေါ်တဲ့ Shared-Rule နဲ့ ပြည်နယ်၊ဒေသအဆင့်၊ တိုင်းရင်းသားလူနည်းစုရဲ့ အကျိုးစီးပွားများတွက် ကိုယ်ပိုင်အုပ်ချုပ်ခြင်း Self Rule ဆိုတာဖယ်ဒရယ်စနစ်ရဲ့ အနှစ်သာရတစ်ခုဖြစ်လာတယ်။


Self Rule ရဲ့ အဓိပါ္ပယ်ကတော့ အားလုံးသိကြတဲ့အတိုင်းပဲ။ မိမိဒေသမှာရှိတဲ့ အရင်းအမြစ်ကို ကိုယ်တိုင်ဖော်ထုတ်မယ်။ ကိုယ့်ဒေသတိုးတတ်ရေးကို ကိုယ်တိုင်ဖော်ထုတ်ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ Shared-Rule ဆိုတာ လေ့လာကြည့်ရအောင်။ Shared-Rule ဆိုတာ ဗဟိုနဲ့ ပြည်နယ်ကြားမှာရှိတဲ့ ဘယ်လို ကိစ္စရပ်တွေကို မျှဝေအုပ်ချုပ်မလဲဆိုတာပြဋာန်းထားခြင်း ဖြစ်ပါတယ်။


ဒါဆို နိုင်ငံတစ်ခုကို ဖွဲ့စည်းအုပ်ချုပ်တဲ့အခါ Self Rule သုံးသင့်လား။ Shared-Rule သုံးသင့်လား။


အဖြေကတော့ ရထားသံလမ်းလိုပဲ။ ကျွန်တော်တို့ တစ်ချို့ပြည်နယ်တွေ၊ တိုင်းဒေသတွေမှာ ညီတူညီမျှ

သွားမှ ရနိုင်မယ့် အနေအထားမျိုးတွေရှိတယ်။


ဥပမာ ပြည်နယ် (၅) ခုအနေနဲ့ ယခင်က လွတ်လွတ်လပ်လပ်သီးခြားနေခဲ့ရမှ အတူပူးပေါင်းဖွဲ့စည်းထားတဲ့

ပြည်ထောင်စုတစ်ခုအဖြစ် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးကိစ္စများ ပိုမိုတိုးတက်လာဖို့

ပေါင်းစည်းကြမယ်ဆိုပါစို့။


ဒါလို ပေါင်းစည်းကြတဲ့အခါ ဗဟို၊ ပူးတွဲ၊ ပြည်နယ်ဆိုတဲ့ အချက်သုံးချက်နဲ့ လေ့လာသုံးသပ်လို့ရတယ်။

ဗဟိုဆိုတာ နိုင်ငံတစ်ဝန်းကိစ္စရပ်အားလုံးကို ဗဟိုက စီမံအုပ်ချုပ်မှာလား။ ဘယ်လို ပြည်နယ်နဲ့တိုင်းကိစ္စရပ်တွေကိုတော့ ဗဟိုနဲ့ပြည်နယ် ပူးတွဲ အုပ်ချုပ်မလဲ။

ထို့နည်းတူစွာ ပြည်နယ်တွေကို ဘယ်လိုကိစ္စရပ်တွေမှာ ကိုယ်ပိုင်လွတ်လပ်စွာ ပြဋာန်းခွင့်ပေးမလဲ စတဲ့ အကြောင်းအရာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ တစ်ခါတည်း ပြဋာန်းပေးထားရတယ်။


ဒါမှ နိုင်ငံတစ်နိုင်ငံက ဗဟိုချုပ်ကိုင်မှု အားကောင်းလား။ ဖယ်ဒရယ်စစ်မစစ်ဆိုတာကို အကြမ်းဖြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်ရင် အတိုင်းအတာတစ်ခုထိ သိရှိနိုင်ပါတယ်။


ဒါကြောင့် လူငယ်တွေအားလုံးကို နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို အခါအားလျော်တဲ့အခါ လေ့လာ

ကြည့်ဖို့ အကြံပြုပါရစေခင်ဗျာ။



86 views0 comments

Recent Posts

See All

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page